သတင်းများ

ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဘုရားချောင်းကျေးရွာအုပ်စု အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရိုးရာဝန်ကြီး၊ တာချီလိတ်မြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
Jun 16,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာချီလိတ်မြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ် ခဲ့ပါသည်။
မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ
Jun 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ညနေ (၃)နာရီက ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးဆောင်ရွက်
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့ နံနက် (၆)နာရီအချိန်မှစ၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွှဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့နယ်မှအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ)အမက (၉)၊ အလက(ခွဲ)အမက(၁၀)၊ အထက(၂)နှင့်မန်ခါကျေးရွာ အမကကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အလယ်တန်းအဆင့် စက္ကူခေါက်ပြိုင်ပွဲကျင်းပ
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့်