သတင်းများ

ဗုဒ္ဓဘာသာအမှတ်စဉ်(၂) အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 16,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်လွဲ၁နာရီတွင် စေတီတော်မြောက်ဘက်မုခ်ရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Jun 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး  ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်-၁ ကျောင်းသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေး
Jun 16,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Jun 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Jun 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၇)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၀၀ နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေး ၆၃ ဦးကို ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 16,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးများကို ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 16,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက်‌  ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်ပြည်တော်သာ)၌