လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ညနေ (၃)နာရီက ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ စာရေးဆရာခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာနွေး(သရက်)တို့က မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးကို စတင်သုံးစွဲမိစေသည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကို ရိုက်ကူး၍ Online မှတင်ဆက်ပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)