တောင်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွှဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းနှင့် စာရေးဆရာမ မြမဥ္ဇူဝေ(ကျုံမငေး)တို့ ပူးပေါင်း၍ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စာရေးဆရာမ စာရေးဆရာမ မြမဥ္ဇူဝေ(ကျုံမငေး)က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်ဆေးကြောင့်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဆေးရွက်ကြီး၊ ဆေးလိပ်အန္တရာယ်၊ အသိပညာပေးမှုများ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများအကြောင်း စသည့်တို့ကို ပြည်သူများ သိရှိနိုင်ရန် Talk Show အစီအစဉ်မှတစ်ဆင့် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။
ထက်ထက်