သတင်းများ

နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦး ဖြေဆိုအောင်မြင်
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆နာရီ က အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၁၀ ဦးတွင် ၃၅၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်ကြေညာ
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားထုတ်ပြန်ကြေညာထားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို အမှက်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများပြား၍ မိဘပြည်သူများ ဝမ်းသာဂုဏ်ယူ
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများ စာရင်းကို ယနေ့ မနက် ၆ နာရီက အခြေခံပညာအထက်တန်းကျောင်း( မိုင်းကိုင်)၌ ကပ်ထားကြေညာပေးခဲ့ရာ ဖြေဆိုအောင်မြင်သူနှင့် ဂုဏ်ထူးရရှိသူများ များပြားသည့်အတွက် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။
ဖာပွန်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်
Jun 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယနေ့တွင်ထုတ်ပြန်ရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်‌ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုများရရှိစေရန် ပြိုင်ပွဲများကျင်းပ
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်များ၊ ဝေါဟာရများကြွယ်ခြင်း၊ အသိပညာဗဟုသုများ ရရှိစေခြင်း၊ အရောင်အသွေးများခွဲခြားတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေ ၄ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊  စာအုပ်စာစောင်ပြပွဲနှင့် နံရံစာစောင်ပြပွဲများ ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်း (၁၈) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းတို့တွင် ယမန်နေ့ နံနက် (၉) နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ဟိုပန်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။