ပုဇွန်တောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက အလယ်တန်းအဆင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ကျောင်းသား/ ကျောင်းသူများအား ပြိုင်ပွဲတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ယှဉ်ပြိုင်ကြခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်