စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စမ်းချောင်း ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို  မြို့နယ်အတွင်းရှိ မူလတန်းကျောင်း (၁၈) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းတို့တွင် ယမန်နေ့ နံနက် (၉) နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကူညီမှုဖြင့် ကျောင်းသား / သူ စုစုပေါင်း (၃၃၁) ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း