မြောင်းမြမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်မည်
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ မြောင်းမြမြို့အတွင်း တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်း များ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို(အခမဲ့) ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။