ဖာပွန်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်

ကမမောင်း ဇွန် ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယနေ့တွင်ထုတ်ပြန်ရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်‌ကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိပြီး ဖာပွန်ခရိုင်အတွင်းတွင် ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျား (၈၂) ဦး၊ မ (၁၇၁) ဦး၊ စုစုပေါင်း (၂၅၃) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား(၆၅)ဦး၊ မ(၁၂၉)ဦး၊ စုစုပေါင်း(၁၉၄)ဦး ဝင်‌ရောက်ဖြေဆိုပြီး တစ်ဘာသာဂုဏ်ထူးရရှိသူ (၁၃) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ (၂) ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ ရိုးရိုးအောင်(၄၀)ဦး၊ စုစုပေါင်းအောင်မြင်သူ (၅၆) ဦး အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) ရာခိုင်နှုန်းရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်တင်လှ (ပြန်/ဆက်)