သတင်းများ

ခမောက်ကြီးမြို့တွင် ၂၀၂၂- ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးစာစစ်ဌာနအတွင်း ဖြေဆိုကြသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အ.ထ.ကခမောက်ကြီးကျောင်း၌ ကပ်နှံထားလျက်ရှိသည်။
ငါ့သရောက်မြို့ တောပြားကျေးရွာ အ.မ.က(မူလွန်)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာ အ.မ.က (မူလွန်) ကျောင်းတွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၉နာရီအချိန်က ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသွားရောက်ပြီး ကျောင်း သား၊ ကျောင်းသူများသိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ခင်ကျင်းပြသပေးခဲ့ ကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို နံနက် ၅ နာရီအချိန်က အခြေခံပညာကျောင်းများ၌ထုတ်ပြန်ခဲ့ရာ  
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို ယနေ့နံနက်ပိုင်းတွင် စာစစ်ဌာနများဖြစ်သည့်
အလုံမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​​ပေး
Jun 17,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​အမှတ်(၁၁) အ​ခြေခံပညာမူလတန်း​ကျောင်းနှင့် ​အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ကွင်းဆင်းထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့တွင် ​ကျောင်းသား၊ ​ကျောင်းသူ ၂၆၇ ဦးအား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာ
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မဘိမ်းမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနနှစ် ခုဖြစ်သည့် အထက(မဘိမ်း)နှင့် အထက(ငါးအိုး)တို့တွင် ကပ်နှံထားရာ ကျောင်းသား၊ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နဲ့အညီ ယနေ့ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က (မြို့ပြင်)၊ အ.ထ.က (မြို့တွင်း)၊ အ.ထ.က (စစ်ကွင်း) ကျောင်းတို့တွင် ကြေငြာ‌ကပ်ထား‌ ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ (အခမဲ့) သင်တန်းဖွင့်လှစ်
Jun 17,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ (အခမဲ့) သင်တန်းကို ဇွန်လ ပထမအပတ်မှစတင်ကာ ကျောက်ဖြူခရိုင် မူလတန်းကြို ကျောင်းခန်းမတွင် ဖွင့်လှစ်ပြသလျက်ရှိသည်။