မိုင်းကိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများပြား၍ မိဘပြည်သူများ ဝမ်းသာဂုဏ်ယူ

မိုင်းကိုင် ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများ စာရင်းကို ယနေ့ မနက် ၆ နာရီက အခြေခံပညာအထက်တန်းကျောင်း( မိုင်းကိုင်)၌ ကပ်ထားကြေညာပေးခဲ့ရာ  ဖြေဆိုအောင်မြင်သူနှင့် ဂုဏ်ထူးရရှိသူများ   များပြားသည့်အတွက်  ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း  ကပ်ထားကြေညာထားစဉ် ကာလအတွင်း ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ ဖြေဆိုအောင်မြင်သူစာရင်းကို စိတ်အေးချမ်းသာယာစွာဖြင့်  လာရောက်ကြည့်ရှုနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးတာဝန်များ  လာရောက်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိသည်။  

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  မိုင်းကိုင်မြို့နယ်၌  အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၂)ကျောင်းနှင့် အလွတ်ဖြေဆိုသူ  ကျောင်းသားကျောင်းသူပေါင်း  ၉၃  ဦးရှိခဲ့ပြီး  ဖြေဆိုအောင်မြင်သူများထဲမှ  ၃ ဘာသာဂုဏ်ထူးရှင် သုံးဦး၊  ၂ ဘာသာဂုဏ်ထူးရှင်  နှစ်ဦး၊ ၁ ဘာသာဂုဏ်ထူး ရှင် ၆ ဦး  အပါအဝင်  ဖြေဆိုအောင်မြင်သူပေါင်း ၄၂ ဦးနှင့် တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်းမှာ  ၄၈.၈၆ % ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)