လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုများရရှိစေရန် ပြိုင်ပွဲများကျင်းပ

လောင်းလုံး  ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်များ၊ ဝေါဟာရများကြွယ်ခြင်း၊ အသိပညာဗဟုသုများ ရရှိစေခြင်း၊ အရောင်အသွေးများခွဲခြားတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေ ၄ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊  စာအုပ်စာစောင်ပြပွဲနှင့် နံရံစာစောင်ပြပွဲများ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းကပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊သူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် စာအုပ်စာစောင်များပြသပေးခြင်း၊ နံရံကပ်စာစောင်များပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

သိန်းသိန်း(လောင်းလုံး)