သတင်းများ

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Jun 06,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  
မိုးညှင်းတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများ ဆုများချီးမြှင့်သည့် အခမ်းအနား ကျင်းပ
Jun 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ရတနာခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ
Jun 06,2022
မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ စီစဉ်ဆောင်ရွက်သော ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်ကနည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ကျင်းပကြောင်းသိရသည်။
မိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း‌နှင့်စာအုပ်၊ စာ‌စောင်ပြပွဲပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ အောင်သင်း၏ "အားနေသောလက်များ" စာအုပ်ကို ယနေ့နံနက် ၉း၄၅ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်​မြင့်မားရေး အသိပညာပေးဆွေးနွေး
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့​နံက်ပိုင်းက ညောင်ခြေထောက်ကျေးရွာ၊ နေ့လယ်ပိုင်းတွင် လဲကျေးရွာဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင်ခဝဲသီးနှံစိုက်ပျိုး
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင် ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပုံမှန်ရရှိနေကာ မိသားစုစားဝတ်နေရေး ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် ပုံမှန်မိသားစုဝင်ငွေရရှိနေကြောင်း ခဝဲစိုက်ပျိုး တောင်သူများထံက သိရသည်။
သိန္နီမြို့နယ်တွင် ဒေသထွက်ဝက်သားချဉ်လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ မိသားစုများအနေဖြင့် အပိုဝင်ငွေများရရှိစေရန်အတွက် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် သိန္နီမြို့ ရပ်ကွက်(၄) အတွင်းရှိ ဝက်သားချဉ်လုပ်ငန်းလုပ်ကိုင်သူမိသားစုသည် ဒေသထွက် ဝက်သားချဉ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၃၀၄၃၃ ဦးထိုးပေးနိုင်ပြီဖြစ်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ဇွန် ၆ ရက်နံနက်ပိုင်းအချိန်ထိ ၅၃၀၄၃၃ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။