ညောင်ဦး ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင် ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပုံမှန်ရရှိနေကာ မိသားစုစားဝတ်နေရေး ခဝဲသီးနှံစိုက်ပျိုးရောင်းချခြင်းဖြင့် ပုံမှန်မိသားစုဝင်ငွေရရှိနေကြောင်း ခဝဲစိုက်ပျိုး တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ တောင်ရွာနောင်ကျေးရွာအုပ် စုကျေးရွာများ၊ ကြအိုကျေးရွာအုပ်စုကျေးရွာများ၊ အထက်ညဉ့်အုပ်စုကျေးရွာများမှ ကျေးလက်တောင်သူများသည် မြေအောက်ရေသွင်းကာ ခဝဲသီးနှံစိုက်ပျိုးခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်က အစေ့တိုက်ရိုက်မြေမြှပ်စနစ်ဖြင့် ရေမြောင်းဘောင်ပြုလုပ်စိုက်ပျိုးကြပြီး အပင်ဖြစ်ထွန်းလာချိန် ခဝဲနွယ်တက်ရန် ခဝဲစင်များပြုလုပ်ထားပေးကြောင်းသိရသည်။ ခဝဲစိုက်ပျိုးပြီး လေးရက်မြောက်နေ့တွင် စတင်အပင်ပေါက်လာပြီး ၁၅ ရက်မြောက်နေ့တွင် ခဝဲညွန့်များရှည်ထွက်လာကာ ခဝဲပင်တက်ရန် စင်များပြုလုပ်ပေးထားရာသို့နွယ်တဖြည်း ဖြည်းတက်လာကြောင်း၊ ရက်ပေါင်း သုံးဆယ်ခန့်ရှိလျှင် ခဝဲပွင့်များပွင့်လာကာ ခဝဲသီးစ တင်သီးကြောင်းသိရသည်။ခဝဲပွင့် ခဝဲသီးများ တစ်ရွက်တစ်ပွင့်ပွင့်၊ ခဝဲသီးတစ်တောင့်သီးခြင်းကြောင့် အသီးသီးနှုန်းကောင်းမွန်ကြောင်း၊ ထွက်ရှိလာသည့် ခဝဲသီးများ တစ်တောင့် ၂၅၀ ကျပ်မှ ၃၅၀ကျပ်ထိရောင်းချရပြီး၊ သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ ဆွတ်ခူးရောင်းချကြကြောင်းသိရသည်။ ထွက်ရှိလာသည့် ခဝဲသီးများအား ဖောက်သည်ပေး၍ရောင်းချခြင်းနှင့် ညောင်ဦးမြို့မဏိစည်သူဈေးသို့ သွား ရောက်ရောင်းချခြင်းဖြင့် မြေအောက်ရေသွင်းစိုက်ပျိုးသည့် တစ်ပိုင်တစ်နိုင်ခဝဲစိုက်ပျိုးကာ မိသားစုဝင်ငွေအဆင်ပြေနေကြကြောင်း ခဝဲစိုက်ပျိုးတောင်သူများထံက သိရသည်။
ကိုကြေးမုံ