သတင်းများ

ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမှတ်(၂၆၉)၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းစာအုပ်မှ စာရေးဆရာအောင်ချစ် (ဟဲဟိုး) ရေးသားသည့် တန်ဖိုးသိသူသည်တန်ဖိုးရှိ၏ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့သန့်ရှင်းသာယာလှပစေရေး ရွှေစေတီဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရွှေစေတီးဘိုးဘွားရိပ်သာတွင်ယမန်နေ့နံနက်(၇)နာရီက ခရိုင်/မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြား
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း‌တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)၌ ပထမနှစ်သင်တန်း ဖွင့်လှစ်သင်ကြား
Jun 06,2022
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းကို  ဇွန်လ ၂ ရက်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဇွန်လ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အသိပညာပေးလုပ်ငန်းများအကြောင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်အခြေခံပညာအထက်တန်းကျောင်းတွင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့်စုပေါင်းပြီး ဇွန်(၆)ရက်နံနက်(၈)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ကြန့်မြို့ သပြေညိုပညာဒါန အကျိုးဆောင်အသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် သပြေညိုခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက သပြေညိုပညာဒါနအကျိုးဆောင်အသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။