ပန်းတောင်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက ညောင်ခြေထောက်ကျေးရွာ၊ နေ့လယ်ပိုင်းတွင် လဲကျေးရွာဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီ၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ညီက လုံခြုံရေး နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး သန်းလွင်က မိမိဒေသတွင်း အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရေးအတွက် ယောင်္ကျားလေးဆို ရှစ်တန်းအောင်နှင့် မိန်းကလေးဒုတိယနှစ်အောင်လျှင် အလုပ်အကိုင်များ လျောက်ထားနိုင်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးတင့်လွင်က စိုက်ပျိုး ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးခဲ့ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်ကျော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအကြောင်း၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းက မီးသတ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသောက်ကုန် အညွှန်းအမှတ်အသားများ၊ စားသုံးဆီလျော့ချစေရေးအကြောင်း၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။
တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး