မိုင်းတုံ ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ အောင်သင်း၏ "အားနေသောလက်များ" စာအုပ်ကို ယနေ့နံနက် ၉း၄၅ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(BOOK CLUB)အသင်းဝင် မဖြိုးသရဖီအောင်က ဦးဆောင်၍စာရေးဆရာ အောင်သင်း၏ "အားနေသောလက်များ"စာအုပ်ထဲမှ" မှတ်ဉာဏ်အရွယ်မလွန်မီ"နှင့် ပတ်သက်၍ဆွေးနွေးခဲ့ပြီး နောက်စာအုပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)