မိတ္ထီလာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇွန်

မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ စီစဉ်ဆောင်ရွက်သော ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်ကနည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ် ( မိတ္ထီလာ) ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက်  အရိပ်ရ သစ်ပင်ပန်းမန် ၁ဝဝ ကျော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်နှင့်ဝန်ထမ်းများ၊ အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများ ကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးကြသည်။ ဆက်လက်၍ အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုနောက်ကမ္ဘာ့ ကုလသမဂ္ဂ(UN)နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းအစီအစဉ်( UNEP ) တို့မှပေးပို့သော ကမ္ဘာ့ပတ်ဝန်း  ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသသည်။ ထို့နောက် ၂ဝ၂၂ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် တစ်ခုတည်းသောကမ္ဘာမြေ Only One Earth  ခေါင်းစဉ်ဖြင့် ခင်းကျင်းပြသထားသော ပြခန်းပြကွက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ တက်ရောက်လာကြသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။ 

ချမ်းသာ