သတင်းများ

နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေနံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jun 06,2022
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ
Jun 06,2022
၂၀၂၂ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ဆေးရုံလမ်းနှင့် မြို့မဈေးကြီးအတွင်း၌ သွေးလွန်တုပ် ကွေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်ကကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အေးချမ်းပျော်ရွင်စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူရကျော်တို့သည် ယမန့်နေ့လည်တွင် ဆက်လက်၍ ကွင်းဆင်း​ကြည့်ရှုခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Jun 05,2022
“တစ်ခုတည်းသော ကမ္ဘာမြေ” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက ရွှေဒါးမဟာဗောဓိဘုရား ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။    
မြင်းခြံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲ ကျင်းပ
Jun 05,2022
နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒေသာအကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ကုက္ကဲကျေးရွာအနီးရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံတွင် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။