စဉ့်ကူး ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာမ(၄)ဦးတို့မှ သင်တန်းသား/သင်တန်းသူ (၃၆)ဦးတို့အား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပများ၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းကမ်းများ၊ ခွင့်အမျိုးအစားများ၊ ပင်စင်ဆိုင်ရာဘာသာရပ်၊ ပညာရေးမူဝါဒများ၊ မိဘရပ်ရွာနှင့်ပူးပေါင်းဆောင် ရွက်ခြင်း၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊ သင်ရိုးသစ်အကောင်အထည်ဖော်ခြင်း၊ သင်ကြားရေးဆိုင်ရာမှတ်တမ်းများ စနစ်တကျရှိရေး၊တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုပတ်ဝန်းကျင်နှင့်သင်ယူမှုရလဒ်၏ ကောင်းကျိုးများရရှိရေး အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးလျက်ရှိသည်။
လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ထိ နေ့စဉ်နံနက်(၉)နာရီမှညနေ(၄)နာရီအထိ ရက်သတ္တပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)