ကျောက်ဆည် ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရွှေစေတီးဘိုးဘွားရိပ်သာတွင်ယမန်နေ့နံနက်(၇)နာရီက ခရိုင်/မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုစုပေါင်းအင်အား (၃၅၂) ဦးပူးပေါင်းပြီး ရွှေစေတီဘိုးဘွားရိပ်သာဝင်းအတွင်း/အပြင်ရှိခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် အဘိုအဘွားအဆောက်အဦအတွင်း ပိုးမျှင်များ၊ ဖုန်မှုန့်များအားစုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဘုရားပန်းအိုးသန့်ရှင်းခြင်းများဆောင်ရွက်ခဲ့ကာ ဘုရား ပန်းများနှင့် သောက်တော်ရေများ အသစ်လဲလှယ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း ထွက်ရှိလာသောအမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျ သိရသည်။
အဆိုပါသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများအား အချိုရည်ဗူးများ၊ မုန့်များ၊ ရေသန့်ဗူးများပေးဝေခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံ တားဦးမြို့နယ်နှင့်မြစ်သားမြို့နယ်အသီးသီးတွင် တန်ခိုးကြီးဘုရားများ၊ ပြည်သူဆေးရုံများ၊ တက္ကသိုလ်နှင့်အဆင့်မြင့်ကျောင်းများ အခြေခံပညာကျောင်းများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အပတ်စဉ်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်