ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်အခြေခံပညာအထက်တန်းကျောင်းတွင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့်စုပေါင်းပြီး ဇွန်(၆)ရက်နံနက်(၈)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလင်းနိုင်က အနာဂတ်မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ပတ်ဝန်းကျင်သာယာလှပပြီး ကျန်းမာပျော်ရွှင်စွာနှင့် အသက်ရှင်ရပ်တည်နေထိုင်သွားနိုင်ရေးနှင့် ပြည်သူများသစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိစေရန်၊ သဘာဝပတ် ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့်မျက်စိပဒါသ အကျိုးကျေးဇူးများရရှိရေးတို့အတွက် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မယ်ဇလီ(၃၀)ပင်၊ အာသောက(၃၀)ပင်၊ ခရေ(၃၀)ပင်၊ တမာ(၃၀)ပင်၊ ရေတမာ(၃၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၅၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလင်းနိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုနှင့်ဝန်ထမ်းများ၊ဟံမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်အောင်နှင့်ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဌေး၊ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများစုစု ပေါင်း (၂၃၅)ဦး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သက်မောင်