ကလော ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အသိပညာပေးလုပ်ငန်းများအကြောင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီက တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က မိမိတို့ဌာနမှအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေကြောင်းတို့ကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အသိပညာပေးလုပ်ငန်းအလိုက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးအရာရှိက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)