ဆီဆိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ဆီဆိုင် ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှတစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းသာကျေးရွာ၊ မကောက်(ရှေ့)ကျေးရွာ၊ ကွန်မွန်းကျေးရွာ၊ ပန်ကန်းကျေးရွာ၊ မမုံ့ဆုံကျေးရွာနှင့်ကုန်းဆွတ်ကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၄)ဦးနှင့် အဘွား(၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် တစ်သိန်းရှစ်သောင်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စု စာရေး ဦးကျော်ဝင်းဦးနှင့် ကုန်းဆွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကောလီတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၂၅)ဦးရှိပြီးစုစုပေါင်း လူမူရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၇၅၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)