သတင်းများ

ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Jun 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင် များနှင့် စိတ်ပါဝင်စားသူများအား အခမ်းအနားမှူးသင်တန်း (Master of Ceremony) (M.C) ကို ယမန်နေ့ နံနက် ၉ နာရီ က ဆက်လက်ဖွင့်လှစ်သင်တန်းပို့ချ ပေးလျက်ရှိသည်။
သနပ်ပင်မြို့နယ်၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 23,2022
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ ကြီးမှုးကျင်းပသော ရေဘေးအန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
မအူပင်ခရိုင်၌ ကျား/မရေးရာ Gender၊ CEDAW၊ NSPAW၊ UNSCR 1325 နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျား/မရေးရာ Gender၊ CEDAW၊ NSPAW၊ UNSCR 1325 နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူ (၂၉၈) ဦး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Jun 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူ (၂၉၈) ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့အ.ထ.က(၃)ကျောင်းတွင်  လူမှောင်ခို၊ လူကုန်ကူးမှုနှင့်စာရိတ္တဆိုင်ရာ စာပေအသိပညာ ပေးဟောပြောပွဲကျင်းပ
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို  အ.ထ.က(၃)ကျောင်း၌ ၂၁ ရက်နေ့ နေ့လည်  ၁ နာရီခွဲ အချိန်က လူမှောင်ခို၊ လူကုန်ကူးမှုနှင့်စာရိတ္တဆိုင်ရာစာပေအသိပညာပေးခြင်းကို
ဘုတ်ပြင်းမြို့နယ်၌  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး  Talk Show   ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။