သတင်းများ

မိုးညှင်းမြို့၌ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 20,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်မှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာအုပ်စုတို့တွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထားဝယ်မြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် (အပြီးသတ်မူကြမ်း)အပေါ် တနင်္သာရီတိုင်းဒေသကြီးအဆင့် အကြံပြုဆွေးနွေးပွဲကျင်းပ
Jun 20,2022
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် (အပြီးသတ်မူကြမ်း)အပေါ် တနင်္သာရီတိုင်းဒေသကြီးအဆင့် အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (BookClub)အဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်းဖွင့်လှစ်
Jun 20,2022
ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူစုစုပေါင်း(၁၇၇၈၇)ဦးရှိပြီဖြစ်
Jun 20,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရ သည်။
ကမာရွတ်တွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်တင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကမာရွတ်မြို့နယ်ရှိ အ​ခြေခံပညာအထက်တန်း ကျောင်း အမှတ် (၂) ၌ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်လှစ်
Jun 20,2022
သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းကို ယနေ့နံနက်၈နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။