သတင်းများ

မရမ်းကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ပထမအကြိမ်ထိုးနှံ
Jun 20,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အမက(၅၊၂၅၊၂၆)ကျောင်းများနှင့် မူလွန်(၁၃)​ကျောင်းမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉း၀၀နာရီအချိန်က စတင်ကာပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ယနေ့ အ.မ.က(၈)ကျောင်းတွင် ကိုဗစ်-​၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် Mobile  Library  စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းမှုအား ကွင်းဆင်းဆောင်ရွက်
Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည်  ပြည်သူများ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့်  ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊အမှား နှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁  နာရီအချိန်ကမီးသတ်ဦးစီးဌာနသို့ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းမှုအားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနား ကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်း ရာသီနှစ်အတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်
သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး “ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk. Show) ကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း ဟောပြောဆောင်ရွက်
Jun 20,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကြီးမှူး၍ မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့က မအီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။