သာပေါင်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာအုပ်စုတို့တွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer တို့က နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ အုပ်စုတို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများ တွေ့ရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)