သတင်းများ

ဘူးသီးတောင်မြို့နယ်တွင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jun 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီ အချိန်တွင် ကျင်းပသည်။
မိုင်းရှူးမြို့နယ်တွင် အသက်(၁၂)နှစ်မှအသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား (myancophram)အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 21,2022
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ ကလေးပြုစုရေးဌာနများသို့သွားရောက်ပြီး ထောက်ပံ့ငွေများပေးအပ်
Jun 21,2022
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေးဌာနနှင့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ABC ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပပြုလုပ်
Jun 21,2022
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့ ပြည်သူ့ဆေးရုံတွင် အသက်(၁၈)နှစ် အထက်ပြည်သူများအား တတိယအကြိမ် (Booster)အပိုဆောင်း ကိုဗစ်ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အသက်(၁၈) အထက်ပြည်သူများအား တတိယအကြိမ် အပိုဆောင်း (Booster) ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းတွင် ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် သဘာဝချည်ဆိုးဆေး သင်တန်းဖွင့်လှစ်
Jun 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Centre)တွင် သဘာဝချည်ဆိုးဆေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန် ဆီနေကြာသီးနှံ(၃၅)ဧက စိုက်ပျိုးရန်လျာထား
Jun 21,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိကြစေရန်တို့ကို ရည်ရွယ်၍ဆီနေကြာသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးဖြင့် စိုက်ပျိုးခြင်းကို (၃၅)ဧက လျာထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။