ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူစုစုပေါင်း(၁၇၇၈၇)ဦးရှိပြီဖြစ်

ပိုင်ကျုံ  ဇွန်  ၂၀

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရ သည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်‌၂၀၂၂ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း(၁၇၇၈၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့မှပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ပြည်သူများအား အဆင်‌ ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်‌ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)