သတင်းများ

မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 17,2025
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပေါက်ပင်သာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် (ဒေသစပ်မျိုး) နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေး၊ သဲတောဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေးများ၌ ပြုလုပ်သည်။
စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး
Jan 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးရေးရာအကြောင်းသင်တန်းဖွင့်
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးရေးရာအကြောင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်၊ စဉ့်ကိုင်၊ မြကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေးစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေး
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ယမန်နေ့က စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။