ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်

ဘုတ်ပြင်း   ဇွန်    ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းအောင်က စိုက်ပျိုးမည့်ပျိုးပင်များကို ဝန်းထမ်းများအားပေးအပ်ပြီး ရုံးခြံဝင်အတွင်း ကံကော်ပျိုးပင် ()ပင်၊ အခြားသီးပင်စားပင်()၊ ပန်းအလှပင်(၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)