မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြုလုပ်

မိုင်းငေါ့ ဇွန်၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ၊စာအုပ် ၊စာစောင် ပြပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။         

အဆိုပါ စာအုပ်၊ စာစောင်ပြပွဲများဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ဇွန်လ (၂၆) ရက်နေ့ ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ် းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်ခြင်းဖြစ်ပြီး ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်စေရန်နှင့် စာကြည့်တိုက်တွင် ပြည်သူများစာပေများကို လေ့လာဖတ်ရှုကာ အသိပညာ ဗဟု သုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲတွင် ကျောင်းသား၊ကျောင်းသူလေးများ အသိပညာဗဟုသုတများရရှိစေမည့် သုတ/ရသ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားပြီး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာ‌သော ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိလာသောဆိုးကျိုးများစသည့် အသိပညာပေး နံရံကပ်စာစောင်များကိုလည်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူ လူငယ်၊ လူရွယ်လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

မြင့်သွယ်(ပြန်/ဆက်)