ချောင်းသာ၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်

ချောင်းသာ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ရေစီးရေလာကောင်မွန်စေရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃)ရပ် ကွက်အတွင်း လမ်းမ​ကြီးဘေးနှစ်ဘက်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယာဉ်ယန္တရား၊ လူအင်အားများဖြင့် ရေနုတ်မြောင်း အနက်တူးဖော်ခြင်း၊ ရေဝပ်ခြင်းနှင့် ရေသိုးများ ကျန်ရစ်မှုမရှိစေရေးတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ချောင်းသာမြို့တွင် မိုးရာသီကာလရပ်ကွက်များအတွင်း ရေဝပ်မှုမရှိစေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် ​မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ​ကြောင်းသိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)