တကောင်းမြို့ တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့နံနက်ပိုင်းမှစတင်၍ တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မ (အ.လ.က)ကျောင်း၊ ဖုန်းကုန်း (အ.ထ.က (ခွဲ)၊ ညောင်လေးပင် (အ.လ.က (ခွဲ) ကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။