ပေါက်ခေါင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးအတွက် တစ်လလျှင်တစ်သောင်းကျပ်နှုန်းဖြင့် (ဧပြီ၊ မေ၊ ဇွန်)သုံးလစာ ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို သက်ကြီးဘိုးဘွား(၇၁၇)ဦးအတွက် တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၁,၅၁၀,၀၀၀/-)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများထံသို့ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများက သက်ကြီးဘိုးဘွားများထံအရောက် ပြန်လည်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)