ကျိုင်းတုံခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ကျိုင်းတုံ ဇွန် ၂၀

ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက  အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး ကို ဆက်စပ်သည့် ဌာနများ၊ အမျိုးသမီးကော်မတီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့်  အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများကို ကာကွယ်ပေးရေးဆိုင်ရာ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ စသည့်အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ခရိုင်အတွင်း အသိပညာပေးဟောပြောပွဲများပြုလုပ်သွားရန်  အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က အမျိုးသမီးများနှင့် အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများက ကျိုင်းတုံခရိုင်အတွင်းရှိအမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊  ကျား၊ မ တန်းတူအခွင့်အရေးရရှိစေရေး၊ မသန်စွမ်း အမျိုးသမီးများအပါ အဝင် အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုများအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)