သတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက် ကားလမ်းပိုင်း ပျက်စီး၍ ယာယီလမ်းပြတ်တောက်မှုဖြစ်ကာ ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာနိုင်ခြင်းမရှိ
Jun 30,2022
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ(၂၉)ရက် နံနက်(၁၁)နာရီခန့်တွင် လွယ်ဂျယ်− မိုးမောက်သွား ကားလမ်းမကြီး မြေသားအရှည်(၁၂၀)ပေခန့်၊ အနက်(၁)ပေခန့်သည် မြေသား နိမ့်ကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
တာမွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး
တာချီလိတ်မြို့၌ စည်ပင်သာယာရေးဝန်ထမ်းများက ဂေါက်ကွင်းသွားလမ်းမကြီးတလျှောက် သာယာလှပရေး ဆောင်ရွက်
Jun 30,2022
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့အား မြို့အင်္ဂါရပ်နှင့် အမြဲသန့်ရှင်းသာယာလှပနေစေရေးအတွက် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ရီးဂျီးနားဟိုတယ်နှင့် ဂေါက်ကွင်းသွားလမ်းမကြီးတလျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့ အကျဉ်းဦးစီးဌာန၊ ဘားအံအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ၊ မိသားစုဝင်၊(၄၄၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 30,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းဦးစီးဌာန၊ ဘားအံအကျဉ်းထောင်တွင် အကျဉ်းသား/သူ၊ အချုပ်သား/သူ၊ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့အကျဉ်းထောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jun 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကျိုက်ဒုံမြို့ သုခလမ်း၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 30,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၂၆.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက် သုခလမ်း၌ အုတ်စီရေမြောင်းဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ပြုလုပ်
Jun 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို ခရိုင်၊ မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။