လားရှိုး ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ဇွန်လ(၂၀)ရက် နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်းသိရသည်။ အခမ်းအနားတွင် လားရှိုးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုကာ ချီတက်အလေး ပြုခဲ့ကြသည်။
လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို အမျိုးသား အသင်း(၇)သင်း၊ အမျိုးသမီးအသင်း(၇)သင်း၊စုစုပေါင်း(၁၄)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပြုင်ပွဲအား ဇွန်လ(၂၀)ရက်မှ ဇွန်လ(၂၃)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)