တာမိုးညဲမြို့၌ လူထုအခြေပြုဗဟိုဌာန၊ (Community   Centre) ၌ Book Club နှင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

တာမိုးညဲ  ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community  Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Clubနှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး  ဒေါ်ခေါန်မိုင်က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့်   အလေ့အကျင့်ကောင်းများ  မပျောက်ပျက်စေရန်၊  စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထား မြတ်နိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်သူများအသင်း (Book Club)များမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရာက်လာသည့် စာပေမြတ်နိုးသူများက ၎င်းတို့၏အတွေးအမြင်များကို အသီးသီးအပြန် အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန ( Community    Centre)၌   လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ