သတင်းများ

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရန် ၁၈၇၆ စင်တီမီတာ ရောက်ရှိလာ
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၈၇၆ စင်တီမီတာသို့ တဖြည်းဖြည်းရောက်ရှိလာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
လဲချားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲဆောင်ရွက်
Jun 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲအား ယမန်နေ့ နေ့လည်(၁:၀ဝ) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး သံတွဲခရိုင်နှင့်ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ
Jun 20,2022
ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့ လိုက်ပါလျက် ယနေ့မန်နေ့ နံနက် ၉ နာရီက သံတွဲမြို့သို့ ရောက်ရှိပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်မည့် မြေနေရာများဖြစ်သည့်  အမှတ်(၂)ရပ်ကွက်၊ စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက်၊ ဒွါရာဝတီတံတားဦး ခရိုင်အားကစားကွင်းရှိ မြေနေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္က္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက မြေရာဇဝင်ဆိုင်ရာများကို ရှင်လင်းတင်ပြကြပြီး ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jun 20,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေ ဝါသနာရှင်များအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင် ) ရေးသားထားသော “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲကျင်းပ
Jun 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်)သို့ ကွင်းဆင်း၍ နယ်လှည့်ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ခဲ့ကြသည်။
Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂)ဖွင့်လှစ်
Jun 20,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးe-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။