သတင်းများ

ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီ (၃၀)မိနစ်အချိန်က ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ် ရေလဲကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ ရေလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်ရက်နေ့ နံနက် ၁၁ နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများ အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ပိုစတာစိုက်ထူ
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာများကို ယမန်နေ့နံနက်ပိုင်းက ကတက်ကုန်းတင်ဒါချက်အနီးနှင့် လဟာကြီးအင်းဘေးတို့တွင် စိုက်ထူခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ပျော်ဘွယ်) အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကျင်းပ
Jun 20,2022
ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ပျော်ဘွယ်) အလုပ်အမှုဆောင်ရွေးချယ်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း(Vocation Education Training)(၂/၂၀၂၂) သင်တန်းဆင်းပွဲနှင့် (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ             ​
Jun 19,2022
မ​ကွေးတိုင်း​ဒေသကြီး၊ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မ‎​ကွေး တိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training)အဖြစ်   သစ်သီးဝလံ အခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်​ဖျော်ရည် နှင့်ယိုအမျိုးမျိုးထုတ်လုပ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားနှင့်  (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ
Jun 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာဓမ္မဗိမာန်တော်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
သထုံခရိုင်ရုံးတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ပြုလုပ်
Jun 19,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် ကလေးများပျော်ရွှင်စရာအစီအစဉ်များကို ယနေ့နံနက်ပိုင်းကသထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့် တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။