သတင်းများ

မိုးညိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းကိုင်မြို့နယ် စော်ဘွားကန်ဘောင်သန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏  မြို့တွင်းရေရရှိရေးအတွက် အဓိကထားအသုံးပြုနေသော မြို့၏ကျက်သရေဂုဏ်ဆောင် ရေကန်တစ်ကန်ဖြစ်သည့် စော်ဘွားကန်ဘောင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့မနက်ပိုင်းက နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လုပ်သားပြည်သူများ  စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jun 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်ပြပွဲကိုယမန်နေ့နေလယ်က ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သိန္နီကုန်းကျေးရွာ အုပ်စု၊ သော်တာဝင်း တိုးဂိတ်တောင်ဘက်ထိပ်မှ ရတနာလင်္ကာရကျောင်းတိုက်၊ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်အထိ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(စူပါဘိုကာရှီ) သဘာဝမြေဩဇာပြုလုပ်သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အရှေ့အုပ်စု၊ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါးအပင်ဖြစ်ထွန်းမှု အခြေအနေနှင့် ဓါတ်မြေဩဇာများ ဈေးနှုံးကြီးမြင့်ခြင်းကြောင့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်နိုင်သည့် ဘဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ကွင်းသရုပ်ပြပွဲအား ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။   
မြို့သစ်မြို့နယ်မင်းရပ်ကွက်တွင် ဓမ္မစကူးလ်သင်တန်း တတိယပတ် ဆက်လက်သင်ကြား
Jun 18,2022
မကွေးခရိုင်၊ မြို့သစ်မြို့မင်းရပ်ကွက် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာလာစေရန်၊ မွန်မြတ်သော အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်နှင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်တို့ကို လှိူင်နံ့သာဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။
မြစ်သားမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းကြီးနှင့် ဆက်သွယ်ထားသည့် မြစ်သား-လမ်းခွ ကားလမ်းဘေး၊ ရွှေပေါ်ကျွန်းကျေးရွာအနီးတွင် ယနေ့ နံနက် (၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့ မြို့မ-အ.ထ.ကကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့မ-အ.ထ.ကကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။