သတင်းများ

တံတားဦးမြို့နယ်တွင် စိမ်းလန်းစိုပြေရေးအရိပ်ရပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးကိုနားလည် မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲ အချိန်က တံတားဦးမြို့နယ် အမှတ်(၃) ရပ်ကွက်၊ နကျော်ဒရပ် တံတားဦးမြို့ သာယာဦးဂိတ်အနီးနှင့် အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦးမြို့ BDC ဂိတ်အနီးတို့၌ ကျင်းပကြောင်း သိရသည်။
တာမွေမြို့နယ်တွင် စျေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ လိုက်လံရောင်းချ
Jun 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် ( Mobile Market ) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 18,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့် အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှုရှိစေရေး အတွက် ရှေ့တန်းအမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၆)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန်းလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြို့ရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်မရော၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 18,2022
ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲပြုလုပ်
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင်  ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရမည်းသင်းမြို့နယ်၌ လူထုလှုပ်ရှားမှုမြို့ဝင်၊ မြို့ထွက်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး မြို့ဝင်၊ မြို့ထွက်၌ အရိပ်ကအပင်များအား ဌာနဆိုင်များနှင့် လူမှုရေးအသင်အဖွဲ့များပူးပေါင်းကာ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။    
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂)ဖွင့်လှစ်
Jun 18,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skil Training) ပင်လယ်ငါးဖမ်းရေ လုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံး၌ ကျင်းပပြုလုပ်သည်။