ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီး မြေနဲလေးကျေးရွာအနီးရှိ လမ်းမကြီး ဝဲ/ယာတွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီခွဲအချိန်၌ နဖူးတောကျေးရွာ ညောင်ဦး-ကျောက်ပန်း တောင်းကားလမ်းမကြီးအနီး ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာတွင်လည်းကောင်း မြို့စိမ်းလန်းစိုပြေသာယာ လှပစေရေး မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။