သတင်းများ

ချောင်းဦးမြို့နယ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စက်မှုလယ်ယာ ရုံးဝန်းအတွင်း ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မိုးရာသီကာလတွင် ခြင်/ယင်ပေါက်ဖွားမှု မရှိစေရေးနှင့် အမှိုက်သရိုက်များ ကင်းရှင်းစေရေးအတွက် ဂန့်ဂေါမြို့ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်ရှိ ပေါင်းပင်/မြက်ပင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို တစ်ပြေးညီ ကျင်းပပြုလုပ်လျက်ရှိရာ
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ​ဈေးရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေး ပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန့်စင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ တို့ပူးပေါင်း၍ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ကြီး ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
Jun 18,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီခဲ့သူများအား မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသည့် ဂုဏ်ပြု ချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကျင်းပ
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် (၃၅)နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အကြို အသိပညာပေး Talk Show ဆောင်ရွက်
Jun 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မူးယစ်ဆန့်ကျင်ရေး အသင်းတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။