သတင်းများ

တက္ကသိုလ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်အဆင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မင်းလှ၌ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြည်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဒေသန္တရတိုးမြှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
Jun 18,2022
ပဲခူတိုင်းဒေသကြီးပြည်မြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုလဲသီတာခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဒေသန္တရတိုးမြှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရေနံချောင်းမြို့နယ်တွင် အိုင်တီနည်းပညာအကြောင်းနှင့် ကွန်ပျူတာတစ်လုံးနှင့် ပက်သက်သည့် ပါဝင်ပစ္စည်းများအကြောင်း အသိပညာပေးဟောပြော
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော ကွန်ပျူတာအခြေခံသင်တန်း (အခမဲ့)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူ လူငယ်များ အသိပညာတိုးပွားရေးအတွက် အိုင်တီနည်းပညာအကြောင်းနှင့် ကွန်ပျူတာတစ်လုံးနှင့် ပက်သက်သည့် ပါဝင်ပစ္စည်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် ပြန်/ဆက်နှင့် ရေနံ့သာ ဖိုက်ဘာအင်တာနက် တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နောင်မွန်းမြို့ရှိ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်း)ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ဇွန်(၁၆)ရက် နံနက် (၁၀)နာရီက တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး
Jun 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။  
အင်းသားတိုင်းရင်းသားရိုးရာဂီတနှင့် အကပညာရပ်များ မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 18,2022
အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းသားတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကညာရပ်များ ထည့်သွင်းပို့ချနိုင်ရေးအတွက် အဆိုပါ ဂီတနှင့် အကပညာရပ်များအား မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ညောင်ရွှေမြို့၊ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်းရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရေဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဘက်စုံအဆင့်မြင့် နည်းပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Jun 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးကြပ်၍ တောင်သူများနှင့် ဘက်စုံအဆင့်မြင့် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။