နမ့်ဆန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Jun 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ဇယန်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။