ပန်းတနော် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် တိရစ္ဆာန်မွေးမြူရေးအခြေခံပညာပေး သင်တန်းကို ဇွန်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ မင်းဂရုကျေးရွာတွင် ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သိန်းမြင့်နှင့် အဖွဲ့ဝင်များက ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ စသည့် တိရစ္ဆာန်များ၏ မွေးမြူပုံ နည်းလမ်းများနှင့် တိရစ္ဆာန်မျိုးနွယ်စုများအကြောင်း၊ မွေးမြူရေးခြံ တည်ဆောက်ပုံ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း၊ တိရစ္ဆာန်များအတွက် အစာကျွေးမွေးပုံ နည်းလမ်းများ၊ စျေးကွက်ရှာဖွေးရေး နည်းလမ်းများစသည့် အကြောင်းအရာများအား သင်ကြား ပို့ချပေးပြီး သင်တန်းသား သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)