နတ်တလင်းမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုး
Jun 23,2022
၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုင်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာနေ ဗီယာမြက်စိုက်ပျိုးခြင်း ယနေ့နံနက်၁၀နာရီက ချင်းကုန်းကံအုပ်စု၊ ကုက္ကိုမြောင်ကျေးရွာ တောင်သူဦးမျိုးမြင့်နိုင်၏ယာမြေတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အိဝေကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများမှ တက်ရောက် ပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။